Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သားမြို့နယ်တွင် မိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း


14 Jul,2025

မြစ်သား ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စားရက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ တောင်တောကုန်းကျေးရွာရှိ တောင် တောကုန်းစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း၊ အသင်းသားတောင်သူ ဦးသန်းရွှေ ၏ ကွင်းအမှတ်(၅၄၉) /က၊ ဦးပိုင်အမှတ်၂၃/၂ရှိ စိုက်ဧက(၃.၀၀) ဧကနှင့် အသင်းသားတောင်သူ ဦးလှမင်း၏  အမှတ် ၅၅၀၊ ဦးပိုင်အမှတ် (၆၁/၂)ရှိ စိုက်ဧက (၄.၅) ဧကတို့တွင် Rakka 666 BT မျိုး မိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို တာဝန်ရှိသူများကကြည့်ရှု့စစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှု့စစ်ဆေးရာတွင် မြစ်သားမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိက တောင်သူများအား သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မှီစိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ လေ့လာကျင့်သုံးစိုက်ပျိုးထုတ်လုပ်ရန် လိုအပ်‌ကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် စိုက်ပျိုးမြေများကို ပြုပြင်ပြီး မျိုးကောင်း၊ မျိုးသန့်များစိုက်ပျိုးပေးရန် လိုအပ် ကြောင်း၊ ရေရရှိ‌ရေးနှင့်နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးထားသည့် မိုးဝါစိုက်ခင်းများအား မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် ဒေသခံအသင်းသား၊ တောင်သူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ဝါဝါမြင့်(မြစ်သား)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်