Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ကြီးမြို့နယ် ရေပူ-ကျောက်နီလမ်း မြေသားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုစစ်ဆေး


14 Jul,2025

တောင်ကြီး ဇူလိုင် ၁၂

     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ရေပူ-ကျောက်နီလမ်းကို Granular Mix ဖြင့် မြေသားလမ်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးမင်းသန့်နှင့် တောင်ကြီးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဟန်ကိုကိုစိုးတို့သည် လမ်းအရှည် ၁ မိုင် ၃ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၄ လက်မရှိ ရေပူ- ကျောက်နီ လမ်းကို Granular Mix ဖြင့် မြေသားလမ်း ပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။

    ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က တည်ဆောက်ရေး  လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်ထားသောလမ်း ဒီဇိုင်းများ၏ စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်ဝစေရေး နှင့် လမ်းမျက်နှာပြင် ရေဆင်းကောင်းစေရန် camber slope မှန်ကန်စေရေး၊ ညီညာဖြောင့်ဖြူးမှုရှိစေရေးတို့ကို အလေးအနက်ထား ဆောင်ရွက်ရန် မှာကြားသည်။

      အဆိုပါ ရေပူ-ကျောက်နီလမ်းကို Granular Mix ဖြင့်မြေသားလမ်းပြုပြင်ခြင်းလုပ်ငန်းအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်လမ်းပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ် ၉၄ ဒသမ ၉၀၀ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး၏ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်၍ ကျေးရွာနှစ်ရွာ အိမ်ခြေ ၆၀၃ အိမ်၊ လူဦးရေ ၂၁၄၃ ဦးတို့၏ စိုက်ပျိုး မြေဧက ၈၅၀ ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်