Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မီးသတ်ဦးစီးဌာန(ရုံးချုပ်) ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြောက်ပွဲအခမ်းအနား ကျင်းပ


14 Jul,2025

မရမ်းကုန်း ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာန(ရုံးချုပ်) ငွေစု ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေး နှင့် အမှုဆောင်ရွေးချယ်တင်မြောက်ပွဲအခမ်းအနားကို ဇူလိုင် ၈ ရက်နေ့က အဆိုပါရုံး၌ ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာချိုက ရွေးချယ်ခံရသောအမှုဆောင်များအား ကတိသစ္စာခံယူစေပြီး ဥက္ကဋ္ဌအသစ်မှ မိတ်ဆက်စကားပြောကြားသည်။

ယင်းနောက် အသင်းသား(၃၉၃)ဦးအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေ ပေါ်အတိုး (၁၅၁၀၉၆၉၉)ကျပ်နှင့် အသင်းသားအကျိုးဝေစု (၇၈၆၀၀၀၀)အား ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

ဦးစီးဌာန(ရုံးချုပ်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်