ပြင်ဦးလွင်၊ ဇူလိုင် ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်သည့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ လက်ပံကုန်း(မ)ကျေးရွာ၊ ကျေးရွာ ခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာတာဝန်ခံနှင့် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသူများ တက်ရောက်ကြရာ ပြင်ဦးလွင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနခရိုင်ဦးစီးမှူးက ဌာန၏လုပ်ငန်းဆောင် ရွက်ချက်များ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံး ပစ္စည်းများပေးအပ်မည့် အစီအစဉ်များအား ပြောကြားခဲ့ပါသည်။
မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကို ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဖွင့်လှစ် သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းတွင် ခါးဆက်ဂါဝန်ချုပ်နည်း၊ ပွဲတက်ဝတ်စုံချုပ်နည်း၊ ရင်ဖုံးအင်္ကျီ ချုပ်နည်း၊ ရှပ်လက်ရှည် အင်္ကျီချုပ်နည်းစသည်များအား စာတွေ့၊ လက်တွေ့ ပေါင်းစပ်သင်ကြား ပေးကာ အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူ (၅)ဦး အား သတ်မှတ်ချက်များ နှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်