နမ့်စန်(တ) ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ခေတ်သစ်ရောင်းဝယ်ရေး သမဝါယမ အသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဦးအောင်ဆယ်က အဖွင့် အမှာစကားပြောကြားခဲ့ပြီး မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုက အရပ်ရပ်ဆိုင်ရာ အစည်းအဝေးဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြကာ အသင်းသား များ၏ အတည်ပြုချက်ရယူခဲ့ကြသည်။
ထို့နောက် ခေတ်သစ်ရောင်းဝယ်ရေးသမဝါယမအသင်းမှ တာဝန်ရှိသူများက အသင်းသား ၂၀၈ ဦး၏ အစုပေါ်အမြတ်ငွေ စုစုပေါင်း (၂,၀၈၀,၀၀၀) ကျပ်ကို စနစ်တကျ ခွဲဝေထုတ်ပေးခဲ့ပြီး အသင်း၏အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်ပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်