Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြန်အောင်မြို့နယ် ကျွဲတဲကုန်း-လေးဗမောလမ်း မြေသားတာပေါင်ချဲ့ခြင်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး


14 Jul,2025

မြန်အောင် ဇူလိုင် ၁၃

       မြန်အောင် ဇူလိုင် ၁၃ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကတာဝန်ယူ ဆောင်ရွက်သည့်ကျွဲတဲကုန်း-လေးဗမောလမ်း မြေသား  တာပေါင်ချဲ့ခြင်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

      ကျွဲတဲကုန်း-လေးဗမောလမ်းမြေသားတာပေါင်ချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ဟင်္သာတခရိုင်) မှ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)  ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများကကွင်းဆင်းစစ်ဆေးပြီးလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

      အဆိုပါ လမ်းခင်းခြင်းလုပ်ငန်း ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၂ ရွာရှိ ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ပိုမို ကောင်းမွန် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်