Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘိုကလေးမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ခင်းကျင်းနိုင်ရေး ကွင်းဆင်းစစ်ဆေး


14 Jul,2025

ဘိုကလေး ဇူလိုင် ၁၁

            ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၂၉ ဒသမ ၁၈၈ သန်းဖြင့် ဆောင်ရွက်မည့် ရွာတန်းရှည်- ဖျာပုံ-ဘိုကလေးကားလမ်း ကျေးရွာချင်းဆက် လမ်းအရှည် ၀ ဒသမ ၄၀၂ ကီလိုမီတာ၊ အကျယ် ၃ ဒသမ ၆၆ မီတာ၊ ထု ၁၇၅ မီလီမီတာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား အရည်အသွေး၊ အတိုင်းအတာပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ယမန်နေ့က ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမိုးမြင့်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာန တာဝန်ရှိသူများက ခင်းကျင်းမည့်လမ်းနေရာသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

မိုးစက်(ဘိုကလေး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်