Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော လမ်းတံတားလုပ်ငန်းများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


14 Jul,2025

နေပြည်တော် ဇူလိုင် ၁၂

      သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသောလမ်းတံတားလုပ်ငန်းများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီး-ဝင်ပြန်ကျေးရွာချင်းဆက်လမ်း ပေါ်ရှိ အရှည်ပေ ၉၀၀ ဆင်သေချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဘိုးပိုင်တူးခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ တပ်ကုန်းမြို့နယ် ညောင်ပင်သာ-ရှားတောကျေးရွာချင်းဆက် လမ်းပေါ်ရှိ အရှည်ပေ ၁၈၀ပေ Submersible Bridge တည်ဆောက်နေမှု အခြေအနေများ အားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ လတ်တလောသွားလာမှု အဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှု မရှိစေရေး ယာယီဘေလီတံတား ဆောင်ရွက်ပေးထားမှု အခြေအနေများအား ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် အမြဲတမ်း အတွင်းဝန်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းများ ဆောလျင်စွာပြီးစီးရေး အလေးထား ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။

      ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော အုန်းပင်-တောင်ပို့သာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အရှည်ပေ ၃၀၀ Submersible Bridge တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ကုန်စည် စီးဆင်းမှုကောင်းမွန်စေရေး ယာယီဘေလီတံတားထိုး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန်က ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားပါသည်။

      ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော ပုပ္ဗသီရိမြို့နယ် ကျည်တောင်ကန်- ဇီးကုန်း- လေသာ- သရက်တော ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဆင်သေချာင်းကူးတံတား A-1 ဘက်ခြမ်းတွင် အရှည်ပေ ၆၀ RC တံတားနှင့် A-2 ဘက်ခြမ်းတွင် အရှည်ပေ ၁၂၀ RC တံတား တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်တင်ပြမှု အပေါ် အမြဲတမ်းအတွင်းဝန်က လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်