မိုင်းရှူး ဇူလိုင် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု လီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ဒါရိုက်တာအဖွဲ့ရွေးချယ်ပွဲအခမ်းအနားကို မြို့မစျေးသမဝါယမအသင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က သဘာပတိ အဖြစ်ဆောင်ရွက်ပြီး အမှာစကားပြောကြားသည်။ ယင်းနောက် ရှမ်းပြည်နယ်(တောင်ပိုင်း/ အရှေ့ပိုင်း)သမဝါယမအသင်းစုချုပ်ဒုတိယဥက္ကဋ္ဌ ဦးဖေသိန်းက အမှာစကားပြောကြားပြီး မြို့နယ် ဦးစီးမှူး ဒေါ်ဝတ်ရည်နှင်းက လုပ်ငန်းဆိုင်ရာများအား ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ဝင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာရေး ရှင်းတမ်းများ၊ အမြတ်ခွဲဝေမှု၊ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အသင်းသားစာရင်းစစ် အစီရင်ခံစာဖတ်ကြားတင်သွင်းပြီး အသင်းဝင်ကိုယ်စားလှယ်များထံ အတည်ပြုချက်ရယူခဲ့သည်။ ဆက်လက်၍ သမဝါယမအသင်းစုလီမိတက်၏အမှုဆောင်သစ်များကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်