နေပြည်တော် ဇူလိုင် ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက အဆိုပါဝန်ကြီးဌာနရှိ လျှိုပိတ်ဆည်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ငါးမြစ်ချင်းငါးမျိုးများ စိုက်ထည့်ပေးခဲ့ပြီး တာဝန် ရှိသူများအား လျှိုပိတ်ဆည် ရေရှည်တည်တံ့ခိုင်မြဲရေး စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန်၊ ယခု စိုက်ထည့်သည့် ငါးမျိုးများအား ရှင်သန်အောင် မွေးမြူကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်း များက ငါးမြစ်ချင်းငါးမျိုးများ ဆက်လက်စိုက်ထည့်ခဲ့ကြသည်။ ယနေ့ကျင်းပပြလုပ်သော သမဝါ ယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနား တွင် ငါးမြစ်ချင်းငါးမျိုးကောင်ရေ (၃၀၀၀) ကို စိုက်ထည့်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လျှိုပိတ်ဆည်၏ ရေပိုလွှဲပြုပြင်နေမှုကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသားတိုးဝက် (၁၆) ကောင် မွေးမြူရေးလုပ်ငန်းကိုလည်းကောင်း၊ သမဝါယမဦးစီးဌာန ရိန်းဘိုး ဝန်ဆောင်မှုသမဝါယမအသင်းလီမိတက်၏ ဒေသကြက်ကောင်ရေ (၂၀၀) မွေးမြူထားကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးကာ အစာကျွေးခြင်း၊ ကာကွယ်ဆေးပုံမှန်ထိုးခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းတို့အား စနစ်တကျ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနပိုင်မြေနေရာ၌ ငလျင်ဒဏ်သင့်ဝန်ထမ်း များ ယာယီနေထိုင်နိုင်ရန် တည်ဆောက်ပေးခဲ့သော ဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House များတွင် ဝန်ထမ်းများ အဆင်ပြေစွာနေထိုင်နိုင်မှု ရှိမရှိနှင့် အမှိုက်စွန့်ပစ်မှု စနစတ်ကျ ရှိ မရှိ၊ လိုင်းခန်းများတွင် ပန်းအလှပင်များ၊ အရိပ်ရပင်များ၊ သီးပင်စားပင်များ စိုက်ပျိုး ထားမှု၊ လိုင်းခန်း အဝင်လမ်းနှင့် ပတ်လမ်းများ ကောင်းမွန်မှုရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်