လှည်းကူးမြို့နယ် သခွတ်ပင်ကျေးရွာ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
**********************************
လှည်းကူး ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သစ်တောဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင်လ ၁၄ ရက်နေ့က သခွတ်ပင်ကျေးရွာ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲထွန်းနောင် နှင့် တာဝန်ရှိသူများက ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်များနှင့် သခွတ်ပင်ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများထံသို့ မဟော်ဂနီပျိုးပင် တစ်ထောင်နှင့် မန်ဂျန်ရှား ပျိုးပင် တစ်ထောင်၊ စုစုပေါင်း ပျိုးပင် နှစ်ထောင်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲထွန်းနောင်၊ လှည်ကူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်သန်း နှင့်တာဝန်ရှိသူ များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများက သခွတ်ပင်ကျေးရွာကုန်ထုတ်လမ်းဘေး ဝဲ၊ ယာ၌ မဟော်ဂနီနှင့် မန်ဂျန်ရှား ပျိုးပင် နှစ်ထောင် ကို စနစ်တကျ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၅၀ ဦး တက်ရောက်ခဲ့ကြောင်း လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်