မိုးနဲ ဇူလိုင် ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ မြဖူးဝေငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ခုနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဥယျာဉ် ရပ်ကွက်၊ ဌာနစုပေါင်းရုံးဝန်း အတွင်းရှိ အဆိုပါအသင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ သဘာပတိအဖြစ်အသင်းဥက္ကဋ္ဌက အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လမ်းညွှန်အမှာစကားပြောကြားခြင်း၊ မြဖူးဝေငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ အမှုဆောင်အဖွဲ့အစီရင်ခံစာအား တာဝန်ရှိသူများက ဖတ်ကြား တင်သွင်းခြင်းများကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် အသင်းသားစာရင်းစစ်အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ချုပ်အစီရင်ခံစာနှင့် နှစ်ချုပ်စာရင်းများ ဖတ်ကြားတင်သွင်းခြင်း၊ အသင်းအမှုဆောင်အဖွဲ့၏အစီရင်ခံစာနှင့် အသင်းသားစာရင်းစစ် အစီရင်ခံ စာကို အသင်းသားများအား အတည်ပြုစေခြင်း၊ စုဆောင်းငွေများအတွက် အသင်းသားများအား အတိုးများပေးအပ်ခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အစည်းအဝေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သဘာပတိနှင့် အသင်းအမှုဆောင်များ၊ တာဝန်ရှိသူများ အသင်းသူအသင်းသားများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်