မိုင်းကိုင် ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်မှူး၊ သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု၏ အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းသား အသင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်မှူး ဦးကျော်မိုးတင့်၊ သမဝါယမ အသင်းစုချုပ်ဒုတိယဥက္ကဋ္ဌ၊ ဦးဖေသိန်းတို့က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ် သမဝါယမအသင်းစု၏ ဒါရိုက်တာအဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့်ရှေ့လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်း၊ စာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြရကာ အသင်းသားများ၏ အတည်ပြုချက်များကို ရယူခဲ့ကြသည်။
ထို့နောက် အစည်းအဝေးဒုတိယပိုင်းတွင် မြို့နယ်သမအသင်းစု၏ အမှုဆောင်တာရိုက်တာ အဖွဲ့ သစ်ရွေးချယ်ပွဲကိုကျင်းပရာ ပြည်နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန၊ ပြည်နယ်မှူး ဦးကျော်မိုးတင့်က သဘာပဓိအဖြစ်ဆောင်ရွက်ခဲ့ပြီး အမှုဆောင် ဒါရိုက်တာ (၇)ဦးအား သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်တင်မြှောက်ပြီး တာဝန်များကိုခွဲဝေသတ်မှတ်ကာ အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းသားစာရင်းစစ်များ က ကတိသစ္စာခံယူခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်