Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နမ့်စန်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ၍ ပညာရည်ချွန်ဆုချီးမြှင့်


14 Jul,2025

နမ့်စန်(တ)  ဇူလိုင် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊  နမ့်စန်မြို့နယ်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို  မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင်  ကမ္ဘာသစ်ရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ ဦးကျော်ရင်က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုနှင့် မြို့နယ်သမဝါယမအသင်း စုဥက္ကဋ္ဌ ဦးကျော်ရွှေတို့က အရပ်ရပ်ဆိုင်ရာအစည်းအဝေး ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အမှု ဆောင်ဒါရိုက်တာအဖွဲ့၏အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ  အသင်း သားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုက Grade-10 နှင့် Grade-11 တို့တွင် လူရည်ချွန်နှစ်ထပ်ကွမ်းရရှိခဲ့သော အသင်းသား ဦးခင်မောင်လတ်၏ သမီး မဖြူစင်ကြယ်ကို ပညာရည်ချွန်ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၅)သောင်းအား ဂုဏ်ပြုပေးအပ်ခဲ့သည်။ ကမ္ဘာသစ်ရောင်းဝယ် ရေးသမဝါယမအသင်းမှ တာဝန်ရှိသူများက အသင်းသား(၂၅၇)ဦး၏ အစုပေါ်အမြတ်ငွေ စုစုပေါင်း (၁၇၉၉၀၀၀)ကျပ်ကို စနစ်တကျခွဲဝေထုတ်ပေးခဲ့သည်။ အခမ်းအနားအပြီးတွင် ကမ္ဘာသစ်ရောင်းဝယ် ရေးသမဝါယမအသင်း၏ အမှုဆောင်သစ်များပြန်လည်ရွေးချယ်ပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်