မွန် ဇူလိုင် ၁၄
မွန်ပြည်နယ်အတွင်း စီမံကိန်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးကို စဉ်ဆက်မပြတ် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးစီးအရာရှိ ဒေါ်ခင်စန္ဒာဦးသည် ပေါင်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းယုနှင့်အတူ အိပ်မက်သစ်မြစိမ်းရောင်လယ်ယာနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးမြရွှေ၏ မိုးစပါးစိုက်ကွင်း၊ ပေါ်ဆန်းစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမ အသင်းမှ အသင်းသားတောင်သူ ဦးဌေးဦး၏ မိုးစပါးစိုက်ကွင်းနှင့် ရွှေထူးလေးလယ်ယာနှင့်အထွေထွေ သမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးရွှေရီ၏ မိုးစပါးစိုက်ကွင်းများအား ကွင်းဆင်းကြည့်ရှု၍ စိုက်ကွင်းများတွင် ပေါင်းမြက်များ အချိန်မီရှင်းလင်းနိုင်ရေး ဆောင်ရွက်သွားရန်နှင့် မြေဩဇာ/ သွင်းအားစုများ သတ်မှတ်ချိန်အမီ အချိုးကျ ထည့်သွင်းသွားနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့သည်။
အလားတူ ပြည်နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဒေါ်မိုးမိုးကျော်ညွန့်သည် သထုံမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာစိုးနှင့်အတူ သရက်တောလယ်ယာနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကြီးစိန်၏ မိုးစပါး စိုက်ကွင်းနှင့် ဒေးဗရိန်းစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးလွှမ်းမိုး ၏ မိုးစပါးစိုက်ကွင်းများအား ကွင်းဆင်းကြည့်ရှုခဲ့ရာ မိုးစပါးများ အပင်သန်ကြီးထွားနေမှု၊ပေါင်းမြက် များ အချိန်မီရှင်းလင်းနိုင်ရေး ဆောင်ရွက်သွားရန်နှင့် မြေဩဇာ/သွင်းအားစုများ သတ်မှတ်ချိန်အမီ အချိုးကျ ထည့်သွင်းနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်