ရပ်စောက် ဇူလိုင် ၁၅
`ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးသော သမဝါယမအသင်း သားတောင်သူများအား မိုးစပါးစိုက်ပျိုးရေး နည်းပညာပေးဆွေးနွေးပွဲအခမ်းအနားကို အဆိုပါ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရပ်စောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ မြို့သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် မိုးစပါး စိုက်ပျိုးသော သမဝါယမအသင်းသားတောင်သူများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် မိုးစပါးစိုက်ပျိုးရေးနည်းပညာဆိုင်ရာ သိသင့်သည့် အကြောင်းအရာ များအား သက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးရှင်းလင်းဟောပြောပြီး တက်ရောက်လာသော သမဝါယမအသင်းသားတောင်သူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်