အောင်လံ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ကန်နှစ်ဆင့်-ရေနံကြီးလမ်းပေါ်ရှိ ကြေးနီချောင်းကူးတံတားတည်ဆောက်ခြင်း (ဒုတိယပိုင်း)လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဇူလိုင်လ ၁၄ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးဘိုမင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ-၂ ဦးခိုင်မင်းစိုးနှင့် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက ကြေးနီ ချောင်းကူးတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိက လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး ဆောင်ရွက်ကြရန် မှာကြားသည်။
အဆိုပါ ကြေးနီချောင်းကူးတံတားတည်ဆောက်ခြင်း (ဒုတိယပိုင်း) လုပ်ငန်းကို ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုငွေ ငွေကျပ် ၃၅၁ ဒသမ ၀၄ သန်းဖြင့် PhyoThiri Kyaw ကုမ္ပဏီမှ ယခုနှစ် ဇွန်လပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ၂၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြေးနီချောင်းကူးတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများ ရာသီမရွေးလမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ပြီး ယခင်ကထက် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။
ကိုလှိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်