Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖျာပုံမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ခင်းကျင်းနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


15 Jul,2025

ဖျာပုံ ဇူလိုင် ၁၄

            ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၉၉ ဒသမ ၈၉၆ သန်းဖြင့် ဆောင်ရွက်မည့် ပဆင-သလိပ်ကြီး-တူးမြောင်း- ဂျိုဝါကြံခင်းလမ်း (၀/၃ ဒသမ ၆) မိုင်မှ (၀/၅ ဒသမ ၆) မိုင်အထိ လမ်းအရှည် ၀ ဒသမ ၄၀၂ ကီလိုမီတာ၊ အကျယ် ၄ ဒသမ ၈၈ မီတာ၊ ဒု ၃၅၀ မီလီမီတာ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို အရည်အသွေး၊ အတိုင်းအတာပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ယမန်နေ့က ဖျာပုံခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။

အောင်ဝင်းနိုင် (ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်