Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမင်ခြံ-အစုကြီးလမ်း မြေသားလမ်းခင်းခြင်းလုပ်ငန်း တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


15 Jul,2025

မြောင်းမြ ဇူလိုင် ၁၄

            ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ကျေးလက်လမ်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ဇူလိုင် ၁၂ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် Sp & Son Co.,Ltd. က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်-ပွဲညှက်စမ်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းနှင့် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် စည်သူကျော်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့် သမင်ခြံ-အစုကြီးလမ်း မြေသားလမ်းခင်းခြင်းလုပ်ငန်းတို့ကို ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးစီးအရာရှိ(မြို့ပြ)နှင့် DRRD QC တာဝန်ခံတို့က လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ဇေယျာ(မြောင်းမြ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်