Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းသီးနှံ မိုးစပါးအတွက် တစ်ဧကပန်းတိုင် အထွက်နှုန်း ရရှိရေး မျိုးစပါးနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲတက်ရောက်


16 Jul,2025

နေပြည်တော် ဇူလိုင် ၁၅

၁။      ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းသီးနှံ မိုးစပါးအတွက် တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစပါးနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်း အနားကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက် ခဲ့ကြကြောင်းသိရသည်။

၂။      ရှေးဦးစွာ ဥတ္တရသီရိမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးမှူးက ဥတ္တရသီရိမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ မိုးစပါးစိုက်ပျိုးမှု အခြေအနေများ၊ အတွက်တိုးမျိုးနှင့် သွင်းအားစုများ ထောက်ပံ့ ပေးအပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

၃။      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများကို အရှိန် အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာ များတွင် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီသူများ စိတ်တူ ကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ၊ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူ များ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး ထွက်ရှိ လာသော စိုက်ပျိုးရေး၊ မွေးမြူရေး ထုန်ကုန်များကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက် ရှိပါကြောင်း၊ ယခုမိုးစပါးစိုက်တောင်သူများအနေဖြင့် သတ်မှတ်ပန်းတိုင် အထွက်နှုန်း ရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်း မျိုးသန့်များနှင့် သွင်းအားစု များကို နိုင်ငံတော်ထောက်ပံ့ငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ သမဝါယမအသင်း ရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခင်နှစ်အားနည်းချက် ယခုနှစ်ရာသီတွင် ပြုပြင်လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဒါမှသာ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိမှာဖြစ်ပြီး တောင်သူများ၏ ဝင်ငွေနှင့်လူနေမှု အဆင့်အတန်းမြင့်မားလာ စေမှာဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အသင်းသားတောင်သူ  များ အနေဖြင့် ကိုယ်လုပ်မှကိုယ်ရမှာဖြစ်၍ လုပ်ဆောင်ရမည့် စိုက်ပျိုးရေး လုပ်ငန်းစဉ်များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အသင်းသားတောင်သူများ အချိန်မီ ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေးသက်ဆိုင်ရာ တာဝန်ရှိသူ များက ချိတ်ဆက်ဆောင်ရွက် ပေးရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားပြီးနောက် အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

၄။      ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့က ဥတ္တရသီရိမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် အထွက်တိုးမျိုး၊ သွင်းအားစု ထောက်ပံ့ပေးအပ်ပါသည်။

၅။      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ မရမ်းခုံ ကျေးရွာရှိ ငွေဇင်ယော် အုတ်စက်ရုံသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများ စက်ရုံ လည်ပတ်နေမှုအခြေအနေများအား Video Clip ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး စက်ရုံအတွင်း အုတ်ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပါသည်။

၆။      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ မရမ်းခုံကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော အမြင့်တင် ရေစင် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စု နယ်မြေ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက နေပြည်တော် ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင်း သောက်သုံးရေရရှိရေးလုပ်ငန်းများ ပျက်စီးခဲ့မှု အခြေအနေနှင့် ပြန်လည်ပြုပြင်နေမှု အခြေအနေများ၊  အသစ်ပြန်လည်တည်ဆောက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အသစ်တည်ဆောက်မည့် အမြင့်တင်ရေစင်များအား သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိသည့် ဒီဇိုင်းပုံစံများအား ရေးဆွဲဆောင်ရွက် သွားရန် ဆွေးနွေးမှာကြားပါသည်။

၅။      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျေးရွာ နှစ်ရွာ အိမ်ခြေ ၂၆၇ လူဦးရေ ၁၁၀၀ ကျော် ကို အကျိုးပြုပေးနိုင်မည့် အောင်ချမ်းသာ- မီးလောင်ကုန်း ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် အမာခံလမ်းပခုံးခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေ အနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းများ ဆောလျင်စွာပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်းအရည်အသွေးပြည့်မီစေရေး အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်၊ ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံပြည်သူ အားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဆောင်ရွက်ပြီးဖွံ့ဖြိုးရေး လုပ်ငန်းများအား ဝိုင်းဝန်း ထိန်းသိမ်းကြရန်နှင့် ကျေးရွာအနေဖြင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ကျန်ရှိသည့် လမ်းပိုင်းများ အား တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်နိုင်ရေး ပြန်လည်တင်ပြသွားရန် ဆွေးနွေးမှာကြားပါသည်။

၇။      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းတောင် ခေတ်မီစံပြကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့်လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ ပေးထားသော သင်တန်းသူများ၏ ရှမ်းမလေးလူသုံးကုန်လုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများစဉ်ဆက်မပြတ် လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောအရင်းအနှီးများ ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်မှ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်သွားရန်နှင့် ထုတ်လုပ်သည့်ပစ္စည်း များ အရည်အသွေးပြည့်မီရေး၊ ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားရန် ဆွေးနွေး မှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်