Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ်၌ အုတ်ဘလောက်ရိုက်နည်း သင်တန်းဖွင့်ပွဲကျင်းပ


16 Jul,2025

ချောက်မြို့နယ်၌ အုတ်ဘလောက်ရိုက်နည်း သင်တန်းဖွင့်ပွဲကျင်းပ

‎********************************

‎ချောက်        ဇူလိုင်       ၁၆

‎‎မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အုတ်ဘုတ်ဘလောက်ရိုက်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၅ ရက်နေ့က အဆိုပါဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎‎အခမ်းအနားတွင် ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

‎‎ထို့နောက် သင်တန်းနည်းပြဆရာက သင်တန်းတွင် သင်ကြားပို့ချမည့်ဘာသာရပ်များနှင့် သင်တန်းသူ/သားများ လိုက်နာရန်စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

‎‎အဆိုပါသင်တန်းကို ဇူလိုင်လ ၁၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ ၁၅ ရက်ကြာ အုတ်ဘလောက်တုံး ရိုက်ခြင်းဆိုင်ရာ အတတ်ပညာများကို စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး ချောက်မြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသူ/သား ၂၀ ဦး တင်ရောက်သင်ယူသွားမည် ဖြစ်ကြောင်း ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်