Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သိန်းနီမြို့နယ် ပြည်သူ့ဝန်ထမ်းငွေစုငွေချေးသမဝါယမအသင်းက စုဆောင်းငွေပေါ်အတိုးနှင့် စားသောက်ကုန်များ ထောက်ပံ့


25 Oct,2022

တောင်ကြီး၊ အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ် ပြည်သူ့ဝန်ထမ်းငွေစုငွေချေးသမဝါယမအသင်း လီမိတက်က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ပထမ(၆)လတာအတွက် စုဆောင်းငွေပေါ်အတိုးထုတ်ပေး ခြင်းကို အဆိုပါအသင်းရုံးခန်း၌ ပြုလုပ်ခဲ့သည်။ ထို့နောက် အသင်းမှ အသင်းသား ၅၁၂ ဦး အား စုဆောင်းငွေပေါ်အတိုးငွေကျပ် ၂၁၈ သိန်းကျော်ထုတ်ပေးခဲ့ပြီး အသင်းသားတစ်ဦးလျှင် ငွေကျပ် ၁၂၁၂၅ တန်ဘိုးရှိ စားသုံးဆီ၊ ကြက်သွန်နီ နှင့် ဆား စသည့် စားသောက်ကုန်ပစ္စည်း စုစုပေါင်း တန်ဘိုးငွေကျပ် ၆၂ သိန်းကျော်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်