Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“နမ့်တဘက်” မွေးမြူရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ “ဝက်” မွေးမြူရေးခြံသို့ ကွင်းဆင်းကြည့်ရှု


15 Jul,2025

တောင်ကြီး ဇူလိုင် ၁၅

ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုပုံးမြို့နယ် ကုန်းကျိုင်းအုပ်စု၊ ဟန်လွဲကျေးရွာရှိ “နမ့်တဘက်” မွေးမြူရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမ အသင်းလီမိတက်က မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်   “ဝက်” မွေးမြူရေးခြံသို့ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက အသင်းမှ လိုအပ်လျက်ရှိသည့် ငွေကြေး၊ အရင်းအနှီးနှင့် နည်းပညာများရရှိစေရေးနှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုအမှုဆောင်အဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်