Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် SSID Online Registration Platform နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ


15 Jul,2025

နေပြည်တော်၊ ဇူလိုင် ၁၅

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် SSID Online Registration Platform နှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အစည်းအဝေးသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် Novel Idea Web Solution Provider Co., Ltd မှ  Managing Director တို့ တက်ရောက်ကြပြီး ကမ္ဘောဇဘဏ်ရှိ Digital Banking မှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။

          ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ဌာနအနေဖြင့် Online Registration ပြု လုပ်ခြင်းမှ ရရှိလာသည့် Digital Payment များကို ကမ္ဘောဇဘဏ်မှတစ်ဆင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁၅)ခုသို့ ပြန်လည်လွှဲပြောင်းသည့်စနစ်ဆောင်ရွက်ခြင်း၊ လွှဲပြောင်းရာတွင် လိုအပ်သည့် Transaction Charges များ၊ MoU ချုပ်ဆိုနိုင်ရေး ကိစ္စရပ်များကို ထည့်သွင်းပြောကြားသည်။

          ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများက Online Registration အတွက် ကောက်ခံမည့်နှုန်းထားများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဝင်လာမည့် မှတ်ပုံတင် ကြေးများကို ခွဲခြားသိရှိနိုင်ခြင်း၊ Online Registration ပြု လုပ်ခြင်းမှ ရရှိလာသည့် Digital Payment များကို ကမ္ဘောဇဘဏ်မှတစ်ဆင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများသို့ ပြန်လည်လွှဲပြောင်းခြင်း၊ Transaction Charges များ နှင့် MoU ချုပ်ဆိုရာတွင် လိုအပ်သည့် အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်