Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ် မန်းကျိုး ကျေးရွာ၌ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း နှင့် စပ်ဆက်လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး


16 Jul,2025

မင်းဘူးမြို့နယ် မန်းကျိုး ကျေးရွာ၌ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း နှင့် စပ်ဆက်လုပ်ငန်းများ  ဆောင်ရွက်နေမှု စစ်ဆေး 
 
မင်းဘူး ဇူလိုင် ၁၆ 
 
မကွေးတိုင်းဒေသကြီး မင်းဘူး ခရိုင် မင်းဘူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၄၇ ဒသမ ၅  သန်း ဖြင့် ဆောင်ရွက်သည့် မန်းကျိုး ကျေးရွာ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း နှင့် စပ်ဆက်လုပ်ငန်းများ  လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။           
 
         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်ကိုကို နှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာ ရေပေးရေး ကော်မတီဝင်များနှင့်အတူ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း၊ စက်ရေးတွင်းတူးဖော်ခြင်း  နှင့် စပ်ဆက်လုပ်ငန်းများ  လုပ်ငန်းများ‌ဆောင်ရွက်နေမှုအခြေအနေများ ကို   ကွင်းဆင်းစစ်ဆေးပြီး Myint Zu Aung ကုမ္ပဏီတာဝန်ခံအင်ဂျင်နီယာ က  လုပ်ငန်းဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြမှုအပေါ် မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်ကိုကို က   သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေး ဆောင်ရွက်သွားရန် နှင့်  လိုအပ် သည်များ ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရသည်။           
 
          ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ မင်းဘူးမြို့နယ်အတွင်း  အကျယ် ၄ ဒသမ ၅ လက်မ ၊ အနက် ၃၀၀ ပေ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း ၊ အိမ်သုံးမီတာ တပ်ဆင်ခြင်းနှင့် မီတာခန်း တည်ဆောက်ခြင်း လုပ်ငန်းများကို ကို  ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ‌၄၇ ဒသမ ၅ သန်းဖြင့်  Myint Zu Aung ကုမ္ပဏီမှ ယခုနှစ် ဇွန်လ ၁၈ ‌ရက်‌ နေ့ မှ စတင်၍  တာဝန်ယူ‌ ဆောင်ရွက်လျက်ရှိရာ ယခုအခါ  လုပ်ငန်း ဆောင်ရွက်မှုမှာ ၄၅  ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပါကြောင်း မင်းဘူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို ပြောပြ၍   သိရသည်။         


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်