Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းတွေ့ဆုံ


17 Jul,2025

တောင်ကြီး   ဇူလိုင်  17

ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေစပါးစီမံကိန်းစိုက်ပျိုး လျက်ရှိသည့် “ခေါက်တိုင်းဟွမ်” လယ်ယာနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသားများ စိုက်ပျိုးထားရှိသည့် နွေစပါးရိတ်သိမ်းမှုအခြေအနေအား ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်မှ ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်ရှိ အသင်းမှလိုအပ်ချက်များကို သက်ဆိုင်ရာမြို့နယ်သမဝါယမအသင်းစု အမှုဆောင်အဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဟိုပုံးမြို့နယ်ရှိ နွေစပါးစီမံကိန်းစိုက်ပျိုး သည့် “ဟန်လွဲ” စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူ များ စိုက်ပျိုးထား ရှိသည့် စပါးခင်းအားကွင်းဆင်းကြည့်ရှု၍ ပန်းတိုင်ထွက်နှုန်းပြည့်မှီစေရေးနှင့်  သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်း များလုပ်ကိုင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်