လှည်းကူး ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦးက အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စမ်းစမ်းအေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်(၃၈/၂၀၂၅)ဖြင့် ၂၀၂၅ ခုနှစ် မေ ၁၆ ရက်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ အမည်အဓိပ္ပာယ်၊ ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ ဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဦးစီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့်ရပိုင်ခွင့်များ၊ ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသူများ၏ မေးမြန်းမှုများကို ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စမ်းစမ်းအေးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်