Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တို့ ပူး‌ပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှုလုပ်ငန်းသင်တန်း ဖွင့်လှစ်ပွဲ


22 Oct,2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

လူသုံးကုန်ထုတ်လုပ်မှုလုပ်ငန်းသင်တန်း ဖွင့်လှစ်ပွဲ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တို့ ပူး‌ပေါင်း၍  သမဝါယမပညာဌာနမှ ကျောင်းသား၊သူများ ၏ Social Innovation Skill မြင့်မား‌‌စေရေးအတွက် လူသုံးကုန်ထုတ်လုပ်မှုလုပ်ငန်းသင်တန်း ဖွင့်လှစ်ပွဲ ကို တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ နေ့လည် ၁:၀၀ နာရီတွင်ကျင်းပသည်။ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီတက်‌ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။  ပါမောက္ခချုပ်မှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်၊ ရရှိလာမည့် အကျိုး ကျေးဇူးတို့ကို အသေးစိတ် ရှင်းလင်းပြာကြားခဲ့ပါသည်။ သင်တန်းမှ ရရှိလာသော နည်းပညာများကို အသက်မွေးဝမ်းကျောင်းပညာရပ်အဖြစ် လက်တွေ့အသုံးချသွားရန်၊ မိသားစုဝင်ငွေ တိုးတက်နိုင်ရေး အထောက်အကူပြုရန်၊ လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားအားထုတ် သွားစေလိုကြောင်း တို့ကို ပြောကြားသွားခဲ့ပါသည်။  ထို့နောက် SSID ဘက်မှ ခရိုင်ဦးစီးမှူးက သင်တန်း၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြာကြားခဲ့သည်။ သင်တန်းကို (၄)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး လူသုံးကုန် (၁၅)မျိုး၏ ထုတ်လုပ်မှုနည်းလမ်းများ သင်ကြားပေးသွား မည်ဖြစ်သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်