Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ်၊ ညောင်လူးကျေးရွာ၌ RBF စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းဆောင်ရွက်


17 Jul,2025

ပုဗ္ဗသီရိမြို့နယ်၊ ညောင်လူးကျေးရွာ၌ RBF စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းဆောင်ရွက်

နေပြည်တော် ဇူလိုင် ၁၇

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာ‌ရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF) အကောင်အထည်ဖော်ဆောင်ရွက်မည့် ညောင်လူးကျေးရွာအုပ်စု၊  ညောင်လူးကျေးရွာ၌ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးက အဖွင့်အမှာစကားပြောကြားပါသည်။
 
ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)ဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဥ်များ၊ စီမံကိန်းလက်စွဲပါ လုပ်ငန်းအဖွဲ့ဝင်ရွေးချယ်ရာတွင် လိုက်နာရန်အချက်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၏ တာဝန်များကို ဆွေးနွေးပြောကြားသည်။
 
ထို့နောက် စီမံကိန်းတာဝန်ခံဝန်ထမ်းများက လက်စွဲပါစာစောင်နှင့်အညီ ကျေးရွာသူ/ကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းအဖွဲ့ဝင် ကိုးဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။

ပုဗ္ဗသီရိမြို့နယ် ညောင်းလူးကျေးရွာ၌ ၂၀၂၅- ၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေကျပ်သိန်းသုံးရာဖြင့် အစုအဖွဲ့များ စုဖွဲ့ကာ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်၍ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးထံမှ သိရသည်။

သူသူငြိမ်း


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်