Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

PHC Spun Pile များအသုံးပြုခြင်းနှင့် ထုတ်လုပ်သုံးစွဲခြင်း အားသာချက် Presentation အခမ်းအနားကျင်းပ


18 Jul,2025

နေပြည်တော်၊ ဇူလိုင် ၁၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ AJU Myanmar Co., Ltd မှ  PHC (Prestressed High-Strength Concrete) Spun Pile များ အသုံးပြုခြင်းနှင့် ထုတ်လုပ်သုံးစွဲခြင်း အားသာချက် Presentation ပြပွဲ အခမ်းအနားကို ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။

            အဆိုပါ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဦးစီးဌာနများမှ စိတ်ပါဝင်စားသူ အင်ဂျင်နီယာများနှင့် ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန၊ ဌာနခွဲ/အဖွဲ့များမှ အင်ဂျင်နီယာ (၅၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည့်  Specification များ၊ Design များ၊ မြေပြင်သယ်ယူအသုံးပြုနိုင်မှု အခြေအနေများနှင့် တစ်မီတာအရှည်အလိုက် ကျသင့်နှုန်းထားများစသည်တို့အား မေးမြန်းဆွေးနွေးကြပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်