မှော်ဘီ ဇူလိုင် ၁၇
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး) ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ချပြရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့က မှော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စမ်းစမ်းအေးက ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ၏ အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဦးစီးဌာန၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ၊ ကျေးလက်လမ်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် ဥပဒေများကို ချပြရှင်းလင်းသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ဖြေကြားကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်