Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘုတ်ပြင်းမြို့နယ် အေးချမ်းမြိုင်-၁ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး


18 Jul,2025

ဘုတ်ပြင်းမြို့နယ် အေးချမ်းမြိုင်-၁ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

‎*********************************

‎ဘုတ်ပြင်း        ဇူလိုင်        ၁၈

‎‎တနင်္သာရီတိုင်းတနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားလာစေရန် အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှစတင်၍  ကျေးရွာ ပေါင်း ၂၄ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကမာချောင်းကျေးရွာအုပ်စု၊ အေးချမ်းမြိုင်-၁ကျေးရွာ၌ စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက ဇူလိုင်လ ၁၇ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်‎ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းဦး၊ ဘုတ်ပြင်းမြို့နယ်ဦးစီးမှူး ဒေါ်အေးသက်သက်ခိုင်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများသည်  မြစိမ်း ရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ အေးချမ်းမြိုင်-၁ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ အရောင်းအဝယ် လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ စီမံကိန်းဆိုင်ရာ စာရင်းဇယားများဆောင်ရွက်ထားရှိမှု အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာ၌ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်ကစတင်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ငွေကျပ်သန်း ၃၀ မတည်ပေးခဲ့ပြီး ယခုအခါ ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၁၉)ဦး၊ ရေလုပ်ငန်း လုပ်ကိုင်သူ (၁)ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၁၃)ဦး ၊ အသေးစားစက်မှုလက်မှု လုပ်ငန်း လုပ်ကိုင်သူ (၂)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ (၂)ဦး၊ စုစုပေါင်း အသင်းဝင်(၃၇)ဦးအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၅ ဒသမ ၂ သန်းကိုအတိုးနှုန်း သက်သာစွာ ထုတ်ချေးပေးထားပြီး အဆိုပါချေးငွေများဖြင့် ဝင်ငွေတိုး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများ ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းမှများစွာ အထောက်အကူပြုကြောင်း ဘုတ်ပြင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်