ကျိုက်ထို ဇူလိုင် ၁၇
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက် နေသည့် ကော့ဘိန်း- ထင်းပုံကုန်း ကျေးရွာချင်းဆက် ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုကို သထုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကော့ဘိန်း- ထင်းပုံကုန်း ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ဇွန် ၁၃ ရက်မှ စတင်ဆောင်ရွက်ခဲ့ကာ ယနေ့တွင် လုပ်ငန်းများ ၂၀ ရာခိုင်နှုန်းပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်ကတ္တရာလမ်းကို၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၇၅ ဒသမ ၂၃၀ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်