Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျော်ဘွယ် မြို့နယ် စင်္ကြာ ကျေးရွာ၌ ကျေးရွာတွင်းလမ်း ဂျင်းကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


18 Jul,2025

ပျော်ဘွယ် မြို့နယ် စင်္ကြာ ကျေးရွာ၌ ကျေးရွာတွင်းလမ်း ဂျင်းကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု  ကွင်းဆင်းစစ်ဆေး

ပျော်ဘွယ် ဇူလိုင် ၁၈

         မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် စင်္ကြာကျေးရွာ၌ ကျေးရွာတွင်းလမ်း ဂျင်းကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ဇူလိုင် လ ၁၇ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းနှင့် ခရိုင်၊ မြို့နယ် တာဝန်ခံအင်ဂျင်နီယာများမှ စင်္ကြာကျေးရွာ၌ ကျေးရွာတွင်းလမ်း ဂျင်းကျောက်ချောခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းမှ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးအလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

          ပျော်ဘွယ် မြို့နယ်၊ စင်္ကြာကျေးရွာ၌ အရှည် ၁ ဒသမ ၈၁၈ ဖာလုံ ၊ အကျယ် ၁၂ ပေ၊ အမြင့်  ၉ လက်မရှိ ဂျင်းကျောက်ချောခင်းခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေမှ  ကျပ် ၁၄ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   တာဝန်ယူ၍  ယခုနှစ် ဇွန် လ ၃ ရက်နေ့မှစတင်၍တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှာ ၇၂  % ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းထံမှ သိရသည်။

ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်