ငပုတော ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဌာနက တာဝန်ယူဆောင်ရွက်သော ကျေးလက်လမ်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ငပုတောမြို့နယ် ကြောင်တောက်ကုန်းကျေးရွာမှ ပမ္မဝတီရေနက်ဆိပ်ကမ်းသို့ ဆက်သွယ်သောလမ်း မြေသားတိုးချဲ့ပြုပြင်ခြင်းနှင့် ကျောက်ရောမြေခင်းခြင်းလုပ်ငန်းအား ပုသိမ်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းက ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းခွင်အချိန်မီ ပြီးစီးရေးနှင့် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်