Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လင်းခေးမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


21 Jul,2025

လင်းခေး ဇူလိုင် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်(နွယ်ဝတီ)ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ လင်းခေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမ အသင်းဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမြဝင်းက အသင်း၏ လုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်း၊ အသင်းဒုတိယဥက္ကဋ္ဌ ဦးချိုနိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးလက်ကျန်ရှင်း တမ်းဖတ်ကြားခြင်း၊ အသင်းသားများမှ အကြံပြုဆွေးနွေးတင်ပြခြင်းနှင့် ဆွေးနွေးတင်ပြချက်များအပေါ် အသင်းအမှုဆောင်အဖွဲ့ တာဝန်ရှိသူတို့က ပြန်လည်ဖြည့်စွက် ရှင်းလင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရှင်းတမ်းများအား အတည်ပြုချက်ရယူခဲ့ကြပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အသင်းလီမိတက်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အသင်းသူအသင်းသားများ စုစုပေါင်း(၅၀၀)ဦး တက်ရောက်ခဲ့ကြ သည်။

စိုင်းဇော်လတ်(လင်းခေး)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်