Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရပ်စောက်မြို့၌ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးခြင်း ဆောင်ရွက်


21 Jul,2025

ရပ်စောက် ဇူလိုင် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ရောင်ခြည်ဦးကျေးရွာ၊ ရောင်ခြည်ဦး စိုက်ပျိုး ရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား(၃၁)ဦးတို့၏ မိုးစပါးစိုက်ဧကပေါင်း (၃၂၁.၅) ဧကရှိရာ ကျပ်(၆၄၃)သိန်း တန်ဖိုးရှိသော စပါးမျိုးနှင့် သွင်းအားစုများ ထောက်ပံ့ထားရှိပြီး အသင်းသားများ၏ စိုက်ဧကများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ ကြိုးတန်းစနစ်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအား ရပ်စောက်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်နှင့် မြို့နယ်သမဝါယမအသင်းစု အမှုဆောင်အဖွဲ့တို့နှင့် ကွင်းဆင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသည့် စပါးခင်း များအား ကွင်းဆင်းကြည့်ရှု၍ ပန်းတိုင်ထွက်နှုန်းပြည့်မီစေရေးနှင့် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်