Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ် မုဆိုးရင်ကျေးရွာ၌ RBF စီမံကိန်းဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး


22 Jul,2025

သရက်မြို့နယ် မုဆိုးရင်ကျေးရွာ၌ RBF စီမံကိန်းဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး

*****************************************************************************

သရက်   ဇူလိုင်   ၂၂

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေဖြူကျေးရွာအုပ်စု၊ မုဆိုးရင်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းရန်ပုံ‌ငွေဖြင့် ဒေသနွားနှင့် CP ဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ဇူလိုင် ၂၁ရက် နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းနှင့် တာဝန်ရှိသူများက ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများနှင့်အတူ မုဆိုးရင်ကျေးရွာ၌ RBF စီမံကိန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဒေသနွားနှင့် CP ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းက စီမံကိန်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါ မုဆိုးရင်ကျေးရွာ၌ ဒေသနွားနှင့် CP ဝက် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် Piggy Star ၊ ဆန်းသစ်လမင်း၊ လင်းရောင်ခြည်၊ ငွေတိုးတိုး အဖွဲ့လေးဖွဲ့မှ အသင်းသား၊ အသင်းသူ ၂၀ဦးကို RBF စီမံကိန်းခွင့်ပြုငွေကျပ်သိန်း ၃၀၀ ၊ အစုအဖွဲ့ ထည့်ဝင်ငွေကျပ်သိန်း ၁၀၀၊ စုစုပေါင်း ရန်ပုံငွေကျပ်သိန်း ၄၀၀ဖြင့်  စီမံကိန်းလုပ်ငန်းများအား အစုအဖွဲ့စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်