Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လွိုင်ကော်မြို့နယ် ရွာတန်းရှည်-မဟာပိန္နဲကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


21 Jul,2025

လွိုင်ကော် ဇူလိုင် ၁၈

           ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လွိုင်ကော်မြို့နယ် ရွာတန်းရှည်-မဟာပိန္နဲ ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်ကော်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ သုတေသနကျွမ်းကျင်-၂ ဦးချမ်းဟိန်းအောင်တို့က သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ရွာတန်းရှည်-မဟာပိန္နဲ ကျေးရွာချင်းဆက်လမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းပြည့်မီမှု ရှိ၊ မရှိ တိုင်းတာစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

            အဆိုပါ လွိုင်ကော်မြို့နယ် ရွာတန်းရှည်-မဟာပိန္နဲ ကျေးရွာချင်းဆက်လမ်း အရှည်ပေ ၁၂၈၀၊ လမ်းအကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မရှိ ကတ္တရာခင်းခြင်း လုပ်ငန်းကို ငွေကျပ် ၉၆ ဒသမ ၄၇၅ သန်းဖြင့် တင်ဒါအောင်မြင်သည့် ပြည့်ဖြိုးသာယာကုမ္ပဏီက ဇွန်လဒုတိယပတ်မှ စတင်ကာ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းအားလုံး ၅၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း လွိုင်ကော်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူ ပြောပြ၍ သိရသည်။

သန်းလွင်(မကွေး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်