Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ် ပြရေ-ပုထိုးလမ်းပေါ်တွင် ရေကျော်တည်ဆောက်နေမှု စစ်ဆေး


22 Jul,2025

သရက်မြို့နယ် ပြရေ-ပုထိုးလမ်းပေါ်တွင် ရေကျော်တည်ဆောက်နေမှု စစ်ဆေး

************************************************************************

သရက် ဇူလိုင် ၂၂

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ပြရေ-ပုထိုးလမ်းပေါ်တွင် ရေကျော်တည်ဆောက်နေမှုကို ဇူလိုင် ၂၁ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်၊ သရက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်မေမီမီမင်းမြတ်နှင့် တာဝန်ရှိသူများက ပြရေ-ပုထိုးလမ်းပေါ်တွင် ရေကျော်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်အောင်သန့်က ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံကာ လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ပြရေ-ပုထိုးလမ်းပေါ်၌ အရှည်ပေ ၁၂၀ရှိ ရေကျော်(၁)စင်းတည်ဆောက်ခြင်းလုပ်ငန်းကို  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၁၁၇ ဒသမ ၂၄သန်း အကုန်ကျခံကာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ်  ဇွန်လ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၄၅ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး အဆိုပါလုပ်ငန်းရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာနှစ်ရွာရှိ အိမ်ခြေ(၇၆၆)အိမ်၊ လူဦးရေ(၃၂၅၈)ဦးတို့အတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်းသိရသည်။

ဆက်လူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်