နေပြည်တော် ဇူလိုင် ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နေ့လယ်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စု နယ်မြေ၊ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာသို့ ရောက်ရှိပြီး ရွှေဝါထွန်း(၂)စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက် အသင်းသားများ၏ လယ်မြေဧက (၂၀) တွင် သမဝါယမ အသင်းသား တောင်သူများ၏ နွေစပါး စိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့နေမှုအား ကြည့်ရှုအားပေးပြီး ပြည်ထောင်စု ဝန်ကြီးက ကျေးရွာ၏ ရေမြေသဘာဝအခြေအနေအရ ရုံးတောကျေးရွာသည် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းကို အခြေခံသည့် ကျေးရွာဖြစ်သည့်အတွက် ကျေးလက်နေ တစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး နွေစပါးအပြီး မိုးသီးနှံများ စိုက်ပျိုးနိုင်ရေး၊ မိုးသီးနှံပြီးပါက ဆောင်းသီးနှံများ သီးထပ်(၃)သီး စိုက်ပျိုးနိုင်ရေး နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် တစ်ဧက လျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိကြောင်း၊ သတ်မှတ်ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် အမှန်တကယ်ကြိုးပမ်းဆောင်ရွက်ရ မည်မှာ တောင်သူများ၏ တာဝန်တစ်ရပ်ပင်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးတောကျေးရွာ၌ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပြီး လုပ်ငန်း သုံးပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသူများ၏ စက်ချုပ်လုပ်ငန်းဆောင်ရွက်နေသူ သုံးဦး၏ စက်ချုပ်ဆိုင်လုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု အားပေးရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများစဉ်ဆက်မပြတ်လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ် သော အရင်းအနှီးများ ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်မှ လိုအပ်သည် များ ကူညီပံ့ပိုးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဥယျာဉ်စုကျေးရွာရှိ တောင်သူ ၁၀၀ ဦး တို့၏ စိုက်ပျိုးမြေဧက ၁၅၀ ကျော် အကျိုးပြုပေးနိုင်မည့် ဥယျာဉ်စုကျေးရွာ ကုန်ထုတ်လမ်း တံတားဖောက်လုပ်ပြီးစီးမှုအခြေအနေများအား ရောက်ရှိကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာလမ်းကော်မတီဝင်များ ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း၊ ကျေးရွာတောင်သူများကိုယ်တိုင်က မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်လိုသည့်စိတ်များ မွေးမြူကြရမှာ ဖြစ်ပြီး မိမိအကျိုး အများအကျိုး ရပ်ရွာအကျိုးအတွက် သမဝါယမစနစ်နှင့်အညီ စိတ်တူကိုယ်တူ ဆန္ဒတူသူများ စုပေါင်းပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရှိရမှာဖြစ်သလို သတ်မှတ်စည်းကမ်းများကိုလည်း လိုက်နာရမှာဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်