Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


23 Jul,2025

နေပြည်‌တော် ဇူလိုင် ၂၃

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများလိုက်ပါ လျက် ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာသို့ သွားရောက်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးမည့် ၄ လက်မ စက်ရေတွင်း (၂) တွင်း တူးဖော်မည့် နေရာများကိုလည်းကောင်း၊ ညောင်ပင်သာကျေးရွာကုန်ထုတ်လမ်း ပေ ၁၄၅၀ ဖောက်လုပ်ပေးမည့်နေရာကိုလည်းကောင်း၊ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာသူကျေးရွာ သားများက ဝက်မွေးမြူရေး လုပ်ငန်းဆောင်ရွက်မည့်နေရာများကိုလည်းကောင်း လိုက်လံကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ရန်ပုံငွေဖြင့် ဆောင်ရွက် မည့်လုပ်ငန်းများအတွက် ကျေးရွာလူမှုစီးပွားဘဝမြင့်မားရေး အချက်အလက်များကို ရွာသူရွာသား များကိုယ်တိုင် ဖော်ထုတ်ရေးဆွဲနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်း များ ဖန်တီပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ် သင်ကြားပေးနေသော အခြေခံစက်ချုပ်သင်တန်းတွင် မန်ကျည်းပင်ကျေးရွာအုပ်စု၊ ကျေးရွာများမှ သင်တန်းသူ (၂၀) ဦး၏ လက်တွေ့သင်ယူနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ညောင်ပင်သာဘုန်းကြီးကျောင်းတွင် ကျေးရွာသူကျေးရွာ သားများနှင့် တွေ့ဆုံကာ ကျေးလက်စီးပွားမြင့်မားရေးစီမံကိန်း RBF ရန်ပုံငွေဖြင့် အစုအဖွဲ့များ ထူထောင်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အခြေအနေ၊ မန်ကျည်းပင် ကျေးရွာတွင် စိုက်ပျိုးရေးသမဝါယမအသင်းဖွဲ့စည်း၍ နီလာ Frozen Food ကုမ္ပဏီနှင့် ပူးပေါင်းကာ လယ်မြေ(၁၀)ဧက၌ ရုံးပတီသီးစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ပေးမည့်အခြေအနေ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဆိုင်ကယ်ပြင်သင်တန်းနှင့် စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း များ ဆက်လက်ဖွင့်လှစ် သင်ကြားပေးမည့်အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် ကျေးရွာသူကျေးရွာသားများ၏ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည် များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြသည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် သမဝါယမအသင်းစုသို့ သွားရောက်ပြီး လှ ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်းက စက်ရက်ကန်းများ တပ်ဆင်ဆောင်ရွက်နေမှုနှင့် ဝါကုန်ကြမ်း ဝယ်ယူထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးကာ ဝါစိုက်ပျိုးရေး သမဝါယမအသင်းများမှ ထွက်ရှိသော မိုးကြိုဝါများ၊ ဒေသခံတောင်သူများက ရောင်းချပေးမည့် မိုးကြိုဝါများကို မန္တလေး တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်နှင့်ပူးပေါင်းဝယ်ယူပေးရန်၊ ရောက်ရှိနေသည့် စက်ရက်ကန်း (၃၅) စုံကို စွမ်းအားပြည့်ရက်လုပ်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရန် မှာကြားခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်