Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေ ၈ဝ ကွန်ကရစ်တံတားတည်ဆောက်နေမှုကွင်းဆင်းစစ်ဆေး


24 Jul,2025

ဓနုဖြူ ဇူလိုင် ၂၃

            ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် တကုတ်ချောင်း ပေ ၈၀ ကွန်ကရစ်တံတားတည်ဆောက်နေမှု အခြေအနေကို ဇူလိုင်လ ၂၂ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

            ထိုသို့စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ မအူပင်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးနန္ဒာစိုးနှင့် တာဝန်ရှိသူများက ကျားချောင်း-တကုတ်ချောင်းကျေးရွာချင်းဆက်လမ်းပေါ်တွင် ပေ ၈၀ တံတားတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဦးကျော်ကျော်ထွေးက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားသည်။

            ကျားချောင်း-တကုတ်ချောင်းကျေးရွာချင်းဆက်လမ်းပေါ်တွင် တည်ရှိသည့် တံတားသည် အရှည် ပေ ၈၀၊ အကျယ်ပေ ၂၀ ရှိကာ ခွင့်ပြုအလေးချိန် တန် ၂၀ အထိ ဖြတ်သန်းအသုံးပြုနိုင်မည်ဖြစ်သည်။

            အဆိုပါ တံတားတည်ဆောက်ပြီးစီးပါက အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၅ ရွာ၊ အိမ်ခြေ ၂၄၃၁ အိမ်၊ ဒေသခံပြည်သူ ၁၀၇၁၀ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး ကိစ္စများ၊ ဒေသထွက်ကုန်ပစ္စည်းများကို လွယ်ကူလျင်မြန်စွာ ပို့ဆောင်ရောင်းဝယ်နိုင်သောကြောင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ကြောင်း သိရသည်။

ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်