Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ကြီးအင်းကုန်းကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေး


25 Jul,2025

တောင်တွင်းကြီးမြို့နယ် ကြီးအင်းကုန်းကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေး

တောင်တွင်းကြီး၊ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာများအနက် Type- 1 အမျိုးအစားဖြစ်သည့် ပွင့်လှကြီးကျေးရွာအုပ်စု၊ ကြီးအင်းကုန်းကျေးရွာ၌ ဆဋ္ဌမအကြိမ် စီမံကိန်းရန်ပုံငွေပြန်လည်ထုတ်ချေးခြင်းကိုယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဥ်များအကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဥပဒေပါအကြောင်းအရာများ၊ ချေးငွေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်လာမှုကြောင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းစဥ်အတွက် အထောက်အကူပြုပုံတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ကြီးအင်းကုန်းကျေးရွာ၌ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီဝင်များထံသို့ ရန်ပုံငွေကျပ် ၄၀၁ သိန်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီဝင်များက ကြီးအင်းကုန်းကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၇၁ဦးအတွက် ချေးငွေကျပ်၂၅၃သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၄၃ဦးအတွက် ချေးငွေကျပ် ၁၄၆သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးအတွက် ချေးငွေကျပ်၂သိန်း၊ စုစုပေါင်းအသင်းသူ/သား ၁၁၅ဦးအတွက် ချေးငွေကျပ်၄၀၁သိန်းအား အသင်းသားတစ်ဦးချင်းလက်ဝယ်အရောက် အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်ထံက သိရသည်။
နွဲ့ယဥ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်