Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မုဒုံမြို့နယ်သမဝါယမအသင်းစုလိမိတက်မှ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)သို့ ဆန်နှင့်ကြက်သွန်နီများ ပေးအပ်လှူဒါန်း


25 Jul,2025

မော်လမြိုင် ဇူလိုင် ၂၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ် သမဝါယမအသင်းစုလိမီတက်မှ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)ရှိ ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ပထမနှစ်နှင့် ဒုတိယနှစ် တွင် သင်ကြားနေသော သင်တန်းသား/သင်တန်းသူများအတွက် ဆန်နှင့်ကြက်သွန်နီများကို မုဒုံမြို့နယ် သမဝါယမအသင်းစုလီမိတက်ရုံးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။

ထိုသို့ပေးအပ်လှူဒါန်းခဲ့ရာ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(မော်လမြိုင်)ရှိ သင်တန်းသား၊ သင်တန်းသူများအား ဆန်(၅)အိတ်နှင့် ကြက်သွန်နီ(၁၀) ပိဿာတို့ကို မုဒုံမြို့နယ်သမဝါယမအသင်းစုလိမိတက်မှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်