Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရမည်းသင်းမြို့နယ် သီးကုန်း ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ဆဌမ အကြိမ် ထုတ်ချေး


28 Jul,2025

ရမည်းသင်းမြို့နယ် သီးကုန်း ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ဆဌမ အကြိမ် ထုတ်ချေး 

 
ရမည်းသင်း ဇူလိုင် ၂၈ 
 
         မန္တလေးတိုင်းဒေသကြီး ရမည်းသင်း ခရိုင် ရမည်းသင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ များ ဆဌမ အကြိမ် ထုတ်ချေးခြင်းကို ဇူလိုင်လ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်း က သီးကုန်း ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
 
          ရှေးဦးစွာ ရမည်းသင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် သီးကုန်း ကျေးရွာရှိ လုပ်ကွက်ငယ်တောင်သူများ ၊စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများ လိုအပ်သည့် ငွေကြေးအရင်းအနှီးရရှိစေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 
 
          ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်အိမွန်ကျော် နှင့် ဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ကျေလက်ဥပဒေ၊နည်းဥဒေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင်ဦးစီးမှူးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ကော်မတီဝင်များထံရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ခဲ့သည်။ 
 
          ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ကော်မတီဝင်များက သီးကုန်း ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း အသင်းသူ/သား ၈၀ ဦးထံသို့ ရန်ပုံငွေ ၅၀၁ သိန်း ကို တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်း ရမည်းသင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း ထံမှ သိရသည်။ 
 
            ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်