Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဆောင်းဒါး ရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံသို့ သွားရောက် ကြည့်ရှုစစ်‌ဆေး


28 Jul,2025

နေပြည်‌တော် ဇူလိုင် ၂၆

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် ဇူလိုင်လ (၂၅) ရက်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဆောင်းဒါး ရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံသို့ သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော အဆောက်အဦးများထဲမှ ပြုပြင်ပြီး ကျောင်းသူအိပ်ဆောင်နှင့် စားရိပ်သာ တို့ကိုလည်းကောင်း၊ ပြုပြင်ဆဲ ဆေးဆိုးနှင့်ပန်းပုံရိုက်နည်းပညာဌာန၊ သင်ကြားရေးစက်ရက်ကန်းရုံ၊ ဝန်ထမ်းအိမ်ရာတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အနီရောင်အဆင့် သတ်မှတ်ချက် အဆောက်အဦးများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများ အား မှာကြားသည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် နည်းပြဆရာ၊ ဆရာမများ၊ ချည်မျှင်နှင့်အထည်အလိပ် အတတ်ပညာဒီပလိုမာ (၁) နှစ်သင်တန်း၊ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ (၁) နှစ် သင်တန်း၊ လက်ရက်ကန်း(၆)လသင်တန်း၊ ရိုးရာလွန်းရာကျအချိတ် (၆) လသင်တန်း၊ ရွှေချည်ထိုး ငွေချည်ထိုး (၃)လသင်တန်း၊ ချည်မျှင်နှင့်အထည်အလိပ်အတတ်ပညာ ဒီပလိုမာပေါင်းကူး (၁) နှစ် သင်တန်း တက်ရောက်နေကြသော သင်တန်းသူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ 

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မန္တလေးမြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ တာဝန် ရှိသူများနှင့်တွေ့ဆုံကာ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ်အခြေခံပြည့်ဝသော သမဝါယမစီးပွားရေးပညာတတ် လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြရန်၊ သမဝါယမကောလိပ် ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိရေး ကြိုးပမ်းဆောင် ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ပေါင်းကူးတက်ရောက်ခွင့်မရရှိသည့် ကျောင်းသားကျောင်းသူ များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ပြော ကြားသည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် စားရိပ်သာတွင် ညနေစာကျွေးမွေးနေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်