Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဝန်ထမ်းမိသားစုဆန္ဒဖော်ထုတ်ပွဲ (၂/၂၀၂၅) အခမ်းအနားကျင်းပ


30 Jul,2025

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဆန္ဒဖော်ထုတ်ပွဲ (၂/၂၀၂၅) အခမ်းအနားကို T2 ဆောင်၌ (၂၈.၇.၂၀၂၅)ရက်၊ နေ့လည် (၃း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ကထိကဌာနမှူးများ၊ စီမံခန့်ခွဲရေးဌာနများဖြစ်သည့် (စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု)ဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ဆရာ/ဆရာမများ၊ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ 
အဆိုပါအခမ်းအနား၌ ပါမောက္ခချုပ်က အမှာစကားပြောကြားရာတွင် “ငလျင်ကြောင့် တက္ကသိုလ်၏ ပင်မအဆောက်အဦ၊ ဝန်ထမ်းအိမ်ရာအချို့ ထိခိုက်ပျက်ဆီးခဲ့ရပြီး ဆရာ၊ဆရာမများနှင့် ဝန်ထမ်းမိသားစုများ နေထိုင်ရေးအခက်အခဲ ရှိခဲ့ကြပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ တက္ကသိုလ်သို့ ရောက်ရှိ၍ အမိုးအကာအောက် နေထိုင်နိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်ဆည်းလှူဒါန်းပေးခဲ့သလို ပြင်ပပရဟိတအဖွဲ့များမှလည်း ဖြည့်ဆည်းလှူဒါန်းခဲ့ကြပါကြောင်း၊ ကျောင်းများ အချိန်မီဖွင့်လှစ်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့သည်မှာ အခက်အခဲကြားမှ ဆရာ၊ဆရာမ၊ဝန်ထမ်းများကို ပူးပေါင်းကြိုးစားမှုကြောင့် ဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် မိမိကိုယ်ကို မြှင့်တင်ခြင်း Capacity Building ဖြစ်အောင် စဉ်ဆက်မပြတ်ကြိုးစားသင့်ပါကြောင်း၊ AI ခေတ်တွင် သင်ကြားမှုများကို ကြိုတင်ပြင်ဆင်မြှင့်တင်၍ ကျောင်းသားကျောင်းသူများ၏ သိလိုမှုများကို ဖြေဆိုနိုင်ရေး ကြိုးစားသင့်ပါကြောင်း၊ ဝန်ကြီးဌာနမှလည်း သုတေသနစာတမ်းဆုရှင်များကို အားပေးချီးမြှင့်မှုများ ရှိသောကြောင့် Research Capacity တိုးတက်အောင် အစဉ်တစိုက် ကြိုးစားသင့်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရုံးချိန်စည်းကမ်း၊ ဌာနတွင်းစည်းကမ်းချက်များကို လိုက်နာ၍ ဌာနအချင်းချင်း ကောင်းမွန်စွာချိတ်ဆက်ဆောင်ရွက်ပြီး လုပ်ငန်းခွင်မှာ ယုံကြည်စိတ်ချ အားထားရသူများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့ပြီးနောက် ဆရာ ဆရာမဝန်ထမ်းမိသားစုများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်းတောင်းခဲ့ပါသည်။ ဆက်လက်၍ ဝန်ထမ်းမိသားစုများအား မုန့်ဖိုးများ ပေးခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းမိသားစု ဆန္ဒဖော်ထုတ်ပွဲ(၂/၂၀၂၅) အခမ်းအနားကို ညနေ(၃:၃၀)နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်