ဇူလိုင်လ၂၉ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)ရှိ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် GEC(ပညာရေး)သမဝါယမ အသင်းလီမိတက်နှင့်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီ က သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် GEC(ပညာရေး) သမဝါယမအသင်းလီမိတက်၏ ဥက္ကဋ္ဌ ဒေါက်တာရီရီဝင်းက သဘာပတိ အဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် GEC(ပညာရေး) သမဝါယမအသင်း လီမိတက်ကို (၃၁-၁-၁၉၉၅)ရက်နေ့တွင် စတင်ဖွဲ့စည်းသည်မှာ ယနေ့ဆိုရင် သက်တမ်း နှစ်(၃၀)ကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ အသင်းသားများ၏ အကျိုးစီပွားတိုးတက်ရေးကို ရည်ရွယ်ကာ UCMT COOP MART ကိုဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာသည်နှင့်အမျှ အသင်းသားများအတွက် အကျိုးအမြတ်များ ပိုမိုရရှိလာပြီဖြစ်ကြောင်း၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် သမဝါယမစနစ်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများနှင့်အညီ မိမိတို့တက္ကသိုလ်၏ အခြေခံသမဝါယမအသင်း(၂)သင်း အနေဖြင့် လိုက်နာဆောင်ရွက်လျက် ရှိပါကြောင်း၊ သမဝါယမ၏ကျင့်ဝတ်၊ သမဝါယမ၏ အနှစ်သာရများနှင့်အညီ စိတ်တူကိုယ်တူ ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် အသင်း၏လုပ်ငန်းစဉ်များကို ပိုမိုအောင်မြင်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ လုပ်ငန်းများ အောင်မြင်စွာ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဒါရိုက်တာအဖွဲ့နှင့်အတူ အသင်းသားများ ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ဥက္ကဋ္ဌ ဒေါ်ချိုချိုအောင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကား ပြောကြားရာတွင် အသင်း၏ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်း များ၊ အသင်းစာရင်းစစ်အစီရင်ခံစာများကို အဖွဲ့ဝင်များက ဖတ်ကြားတင်သွင်းခြင်းများအား ရှင်းလင်းတင်ပြပြီး အတည်ပြုခဲ့ကြပါသည်။ ဆက်လက်၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)ရှိ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် GEC (ပညာရေး) သမဝါယမအသင်းလီမိတက်တွင် အသင်းသား၊ အသင်းသူ (၁၄၂)ဦးနှင့် ငွေစုငွေချေးသမဝါယမအသင်း လီမိတက်တွင် အသင်းသား၊ အသင်းသူ(၁၉၉)ဦးရှိပြီး တက်ရောက်လာသည့် အသင်းသား၊ အသင်းသူ များအား စရိတ်ချီးမြှင့်ငွေများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်