တောင်ကြီး ဩဂုတ် ၁
ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်းတယမြို့နယ်၊ မိုးလီ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းနှင့် အောင်သီဟလယ်ယာနှင့်အထွေထွေ လုပ်ငန်း သမဝါယမအသင်းတို့မှ စိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်ခင်းများအား ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့နောက် ပြည်နယ်ဦးစီးမှူးက အသင်းမှ လိုအပ်သည့်သွင်းအားစုများ ရရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် သွားကြရန်နှင့် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရ သည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်